သင်က လကမ္ဘာပေါ် သွားဖို့ ကြံစည်မနေရင်တောင် သင့်အနေနဲ့ NASA ရဲ့ နည်းပညာတချို့ကို ယူသုံးခွင့် ရှိနေတယ် ဆိုတာ သိပါသလား ?
နာမည်ကျော် အာကာသအေဂျင်စီ ဖြစ်တဲ့ NASA က မကြာသေးမီက သူတို့ ရဲ့ 2019-20 edition software catalog ကို ဖြန့်ချီခဲ့ပါတယ်။ ဒီ catalog ထဲမှာဆိုရင် ရာနဲ့ချီသော အလကား ဒေါင်းလုဒ်ရယူ သုံးစွဲခွင့် ရှိတဲ့ NASA developer များရဲ့ software package စာရင်းတွေပါ ပါရှိပါတယ်။ ဒီလို ကမ်းလှမ်းမှုအသစ်တွေထဲမှာ ပါရှိတဲ့ စိတ်ဝင်စားစရာတချို့ကတော့ Virtual Reality(VR) training platform နဲ့ Autonomous navigation system တို့ ဖြစ်ပါတယ်။
VECTR (Virtual Environment Computational Training Resource) မှာဆိုရင် ဥပမာအားဖြင့် custom hardware နဲ့ game engine software ကို အသုံးပြုပီး virtual environment များ ဖန်တီးကာ အင်ဂျင်နီယာများအနေနဲ့ စနစ်အမျိုးမျိုးပေါ်မှာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာမျိုး လေ့ကျင့်နိုင်မှာပါ။ ၎င်းစနစ်ကို အခုလက်ရှိ ကနေဒီ အာကာသစခန်း မှာ အင်ဂျင်နီယာတွေအတွက် လေ့ကျင့်မှုကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ အသုံးပြုနေပြီး အခြားသော နေရာများအတွက်လည်း ချုံ့/ချဲ့ အသုံးပြုဖို့ လွယ်ကူတယ် လို့ NASA က ဆိုပါတယ် ။
VR အသုံးပြုတဲ့ လေ့ကျင့်ခန်းလုပ်ငန်းစဥ်တွေက အစိုးရအတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ပီးခဲ့ နွေရာသီမှာပဲ အမေရိကန် အစိုးရ က သူ့ရဲ့ စစ်သားတွေကို VR/AR သုံးပြီး နျူကလီးယားစစ်မြေပြင်ဆိုင်ရာ လေ့ကျင်ဖို့အတွက် စာချုပ်တရပ် ချုပ်ဆိုခဲ့ဖူးပါတယ်။
NASA ရဲ့ ထောက်ပံ့မှုမှာ ပါဝင်တဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်က software package ပေါင်း ၉၇၀ ကျော်မှာ စီးပွားရေးခန့်ခွဲမှု မှ စပြီး အာကာသနည်းပညာ အဆုံး ပါဝင်ပါတယ်။ တချို့ကိုတော့ General Public (သို့) Open Source အနေနဲ့ မည်သူမဆို ယူသုံးခွင့် ရှိပြီး တချို့ကတော့ အမေရိကန် အစိုးရ ခွင့်ပြုချက် နဲ့ သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
“နှစ်ပေါင်းများစွာ အာကာသထဲမှာ သုံးခဲ့တဲ့ အခွန်ငွေ တွေက အခုဆို ကမ္ဘာမြေကြီးပေါ်က နေ့စဥ်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာတွေအဖြစ် ပြောင်းလဲရရှိလာပီ ။
NASA ရဲ့ စမ်းသပ်တီထွင်မှု တွေက ပုဂ္ဂလိက ဂဏ္ဍ ရဲ့ နည်းပညာစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ပီး နောက်ထပ် တီထွင်မှု ပစ္စည်းသစ်တွေအတွက်လဲ အခြေခံ ဖြစ်စေပါတယ်။ ဒါ့အပြင် startup လုပ်ငန်းတွေအတွက်ပါ ရေခံမြေခံကောင်း ဖြစ်လာမှာပါ”
Daniel Lockney (NASA Technology Transfer Program executive)
(ဘာသာပြန်သူ မှတ်ချက် – Catalog ထဲမှာ ပါဝင်တဲ့ Public (or) Open source software တွေကို ရယူအသုံးပြုချင်ရင် software.nasa.gov မှာ software အမည် နဲ့ ရှာဖွေပီး request လုပ်ယူရပါမယ်။ အဲဒီအတွက် Guest Account ဖြစ်ဖြစ် register လုပ်ရပါတယ်။ ကျွန်တော်လဲ ဒီ သတင်း တွေ့ပီးမှ အစမ်း request တစ်ခု လုပ်ကြည့်ထားပါတယ်ခင်ဗျ ။ တကယ် ရ/မရ ပြန်ပြောပေးပါမယ်ခင်ဗျ။)
သတင်းအရင်းအမြစ်များ
- https://www.fedscoop.com/nasa-software-2020-catalog
- http://samneblett.com/?portfolio=vectr-nasa
You must be logged in to post a comment.