ဇန် ၂၁ ရက်နေ့ – သောကြာနေ့ ။ စိတ်ပျက်ခြင်းတွေ ရှက်ရွံ့ခြင်းတွေ စိတ်ထဲ ပြန်ဝင်လာ ။ Gym လဲ မသွားဖြစ် ။ ကိုယ့်အရည်အချင်းကို ဘယ်လို တိုးတက်ပြောင်းလဲရမလဲ ဆိုတာလဲ မသိတော့ ။ ယုံကြည်မှုလဲ မရှိ ။ ဒီကြားထဲ မအေလိုး မင်းအောင်လှိုင်က ဆိုင်ဘာဥပဒေအသစ် ပြဌာန်းဖို့ အတင်းအကြပ် ကြိုးစားနေကြောင်း သတင်းတွေ ဖတ်ရ။ ကိုဂျင်မီ ၊ ကိုဇေယျာသော် ၂ ယောက်ကို သေဒဏ်ချတဲ့ သတင်းလဲ ကြေညာ။ ရေနံ ကုမ္မဏီ Total ပြန်ထွက်သွားတဲ့ အကြောင်းလဲ တွေ့ ။ (ပရောဂျက် သက်တမ်းကုန်လို့ ဖျာလိပ်သွားတာ ဖြစ်ဖို့ များပါတယ်။ မြန်မာပြည်သူ/ပြည်သားတွေကို စေတနာရှိလွန်းလို့တော့ ဖြစ်မယ့်ပုံ မပေါ်ဘူး။)
ကျားပေါက် ပြောသလို စိတ်အတက်အကျ မြန်တဲ့ ရောဂါ (Bipolar) လဲ ကိုယ့်ဆီမှာ ရှိနေပီလား မသိတော့ဘူး ။ အာရုံစူးစိုက်မှု မရှိတာတော့ သေချာတယ်။ ပိုက်ဆံ ပိုရှာရမယ် ဆိုတဲ့ အတွေး ခေါင်းထဲ ရှိတယ်။ ဘယ်လို ရှာရမလဲ မသိတာ တစ်ခုပဲ ။ တစ်နေကုန် ကွန်ပျူတာ ရှေ့ထိုင် ထိုင်းမှိုင်း ၊ ဟိုလျှောက်လုပ် ဒီလျှောက်လုပ် နဲ့ နေ့တာတွေ တိုသွားတာလား။
ဒီနေ့လဲ PDF တွေ ကျဆုံးတဲ့သတင်း ၊ ရွာတွေ မီးရှို့ခံရတဲ့ သတင်းတွေ ဖတ်ရတယ်။ မဖတ်ရတဲ့ နေ့ရော ရှိသေးရဲ့လားတောင် မသိပါဘူး။ စိတ်ထဲမှာ မွန်းကြပ်လွန်းနေတယ်။ အတွေးတွေ များလွန်းနေလို့ ဖြစ်မယ်။
You must be logged in to post a comment.