in Career, Monograph

ကော်ပိုရိတ် မှတ်တမ်း – August 29, 2024

အလုပ်သစ်မှာ ပထမဆုံး PR submit တဲ့ နေ့ ဖြစ်နေတာရော ၊ PR ကနေ error တက်ပီး ညနေပိုင်း အလုပ်မရှိတော့တာရောကြောင့် ဒီစာ ရေးဖြစ်တာ။ ဒီတခါတော့ startup environment ကနေ coporate ကို ပြောင်းတဲ့အခါမှာ ကြုံရတဲ့ ခံစားချက် (culture shock) ကိုလဲ မှတ်တမ်းတင်ချင်လို့ ။

ကြိုးနီစနစ်

Startup မှာတော့ error/bug တစ်ခုခု ကြုံတာနဲ့ ဘယ်သူ့ကိုမဆို calendar ကြည့်ပြီး slack ကနေ msg ပို့ ၊ meeting ချိန်းပြီး ဖြေရှင်းလိုက်လို့ ရတယ်။ Corporate ရောက်တဲ့အခါကျ (ရောက်ခါစ ဖြစ်နေတာရော) Team တွေ အများကြီး ဖြစ်နေတာရော ၊ Team တစ်ခုအလိုက် သီးခြား priority တွေ ရှိတာရော error တစ်ခု တက်ရင် ၂ ရက်လောက် အနည်းဆုံး စောင့်ရမယ် ထင်တယ်။ ကိုယ်တစ်ယောက်ထဲ ဖြစ်တာထက် အခြားလူတွေ ဖြစ်တဲ့ အခြေအနေကို ကြည့်ပီး ခန့်မှန်းတာပါ။

အသိအမှတ်ပြုမှု

Startup မှာကျ တစ်ယောက်နဲ့တစ်ယောက် appreciate လုပ်ဖို့ အရမ်းလွယ်သလို ကိုယ့်ဆန္ဒ ၊ စိတ်ကူးအသစ်တွေကို အေးအေးဆေးဆေး ထုတ်ပြောလိုက်လို့ ရတယ်။ Corporate မှာကျ တော်ရုံတန်ရုံ ပြောဖို့ မလိုသလို ပညာပိုင်း၊သဘာပိုင်းအရ တော်တော်ကြီး ရင့်ကျက်မှသာ ကိုယ့်စကားက တာသွားမယ့် ပုံ ပေါ်တယ်။ နောက်တစ်ခုကလဲ စိတ်ကူးအသစ် ထုတ်ဖို့ မလွယ်တာပဲ။ ဘယ် process ကမှ ချက်ချင်း လက်ငင်း ကောက်ပြောင်းလိုက်လို့ မရဘူးလေ။ အဲဒါဆိုတော့ ကိုယ့်အမြင် ထက် Project/Business Logic ဘယ်လို သွားနေသလဲ က ပိုအရေးကြီးလာတယ်။ ပထမ ၃ လ အတွင်း ရှင်သန်နိုင်အောင် ကိုယ့် Project နဲ့ အမြန်ဆုံး ရင်းနှီးအောင် ၊ ကိုယ့်ကို ပေးတဲ့ task တွေကို တာဝန်ကျေကျေ နဲ့ အမြန်ဆုံး လုပ်ပေးနိုင်အောင် ရုန်းကန်ရဖို့ပဲ ရှိတယ်။

Code Review

ဒီတစ်ခုကတော့ Corporate မှာ senior ကောင်းကောင်း ရရင် ဖြစ်ဖြစ် (ဒါမှမဟုတ် အနည်းဆုံး သူများတွေ code တွေကို ဖတ်ခွင့်ရတာ) တော်တော့်ကို အကျိုးရှိတယ်။ Startup မှာက များသောအားဖြင့် error တက်မှသာ အခြားသူ တစ်ယောက်က code review လုပ်ပေးတာမျိုး ကြုံတောင့်ကြုံခဲ ကြုံရနိုင်ပေမယ့် များသောအားဖြင့် project repo တွေထဲမှာက ကိုယ်တစ်ယောက်ထဲ စိတ်ကြိုက် ရေးချင်သလို ရေးထားတာများတယ်။

Time Management

နောက်ပိုင်း deadline တွေနဲ့ လုံးပန်းရရင်တော့ corporate မှာ အသေအကြေ လုပ်ရကောင်း လုပ်ရနိုင်တယ်။ ဒါပေမယ့် ဝင်ခါစမှာက Startup ကို စ join ရတုန်းကထက် နဲနဲ သက်သာတယ်။ Startup ကို စဝင်တုန်းက ဝင်ဝင်ချင်း ၃ လအတွင်းမှာ ပရောဂျက် ၂ ခုလောက် ပြိုင်တူ ကိုင်နေရပီ။ Corporate မှာက assign ပေးလိုက်တဲ့ scope ကို အေးအေးဆေးဆေး လုပ်လို့ရနေတုန်းပဲ။ နောက်ပီး ပထမဆုံးအချက် “ကြိုးနီစနစ်” ကြောင့်လဲ အချို့အရာတွေက အရမ်းကြီး လောမနေဘူး။ ဒါပေမယ့် ၂ ခုစလုံးမှာ တကယ့် Senior / Manager level ရောက်သွားရင် အချိန်အားဖို့ စိတ်ကူးတောင် ယဥ်လို့ရမှာမဟုတ်ဘူး။