in Career, Monograph

ကော်ပိုရိတ် မှတ်တမ်း – Aug 23, 2024

အလုပ်ထဲ ဝင်ခဲ့တာ အခုဆို ၂ ပတ်ကျော်ကျော်လောက်ပေါ့ ။ ကြိုးနီစနစ်တွေ ၊ ဆင့်ကဲ ခွင့်ပြုချက်တွေနဲ့ ဘာအလုပ်မှတောင် မစရသေးဘူး။ ဒါပေမယ့် ဒီ ၂ ပတ်အတွင်းမှာတော့ တွေ့ရ ကြုံရတာတွေကြောင့် စိတ်ထဲမှာ စကားလုံးတွေ အများကြီး ဖြစ်နေတာ။ ဒါကြောင့်လဲ ချရေးဖြစ်တာပါ။

ပထမဆုံး စာကြောင်းကတော့ – “ငါ ဘာမှ မသိသေးဘူး” ဆိုတာပဲ ။ အခုထိ အစည်းအဝေးတွေ ဝင်တက်ပေမယ့် ပြောသမျှ ရဲ့ ၁၀ ရာခိုင်နှုန်းတောင် နားမလည်ချင်သေးဘူး။ ကိုယ့်အတွက်က ဒါမျိုး Codebase / Dev environment မှာမှ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးတာ ။ အရာရာ အသစ်တွေချည်းပဲ။ နည်းပညာအသုံးအနှုန်းတွေ ၊ တယောက်နဲ့တယောက် ၊ တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်လုပ်တာတွေ ၊ ဆုံးဖြတ်ချက်ချတဲ့ အစီအစဥ်တွေ အားလုံး အသစ်တွေ ဖြစ်နေတယ်။ နားလည်ဖို့ ကြိုးစားပေမယ့် အချိန်ယူဖို့ လိုနေသေးတယ် ထင်တယ်။

ဒုတိယ ကတော့ “ဘယ်သူ့မှ ကိုယ့်ကို တကူးတက အရေးလာလုပ်မှာ မဟုတ်သလို ၊ အချိန်ပေးမှာလဲ မဟုတ်ဘူး” ဆိုတာ။ Project Documentation ရေးပေးထားတာနဲ့ share ပေးတာကိုတောင် အတော်ကျေးဇူးတင်ရမှာ။ အခုမှ အစဆိုတော့ အရမ်း စိတ်ဓါတ်မကျသေးပေမယ့် တချိန်ချိန်မှာ စိတ်ထိလာမှာကို ကြိုစိုးရိမ်မိတယ်။ အဲဒီအချိန် ဒီစာ ကို ပြန်ဖတ်ပြီး ဆရာမ ပြောပြတဲ့ “ဝါးပင်အကြောင်း” သတိရရမှာပဲ။

တတိယ ကတော့ “ငါ့မှာ သင်ယူစရာတွေ များလွန်းတယ်” ဆိုတာ။ ဒါပေမယ့် အရမ်းလောကြီးပီးတော့ လျှောက်လုပ်နေလဲ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ လောလောဆယ် ပရောဂျက်မှာ အရေးကြီးတာက dbt ပဲ။ ဖြစ်နိုင်မယ်ဆိုရင် Sept (or) Oct 1st week မှာ dbt certification ဖြေချင်တယ်။ Docker + Kubernetes က သိဖို့ လိုတယ် ဆိုပေမယ့် အဲဒါတွေကို စီမံတဲ့ အဖွဲ့ က သပ်သပ် ရှိတယ်။ လောလောဆယ် အရေးတကြီး မလိုသေးဘူး။ Github Action သိဖို့ လိုမယ်။ (to work/automate with dbt) ။ ပြီးရင် Google Cloud Composer (Airflow) အကြောင်း ။ ပြီးမှ BigQuery ။ အနည်းဆုံး ၄ လ – ၆ လ ကျော်လောက်ဆိုရင်တော့ GCP Data Engineer certification ဖြေဖို့ ကြိုးစားရမယ်။

စတုတ္ထ ကတော့ “Senior level တစ်ခုကို ရောက်ဖို့ documentation ကို English လို ပိုင်ပိုင်နိုင်နိုင် ရေးတတ်ဖို့ လိုတယ်”။ နောက်ပီး အခု ပတ်ဝန်းကျင်က Senior တွေကို ကြည့်ရင်းမှ ကိုယ် တစ်ကယ် ဖြစ်ချင်တာက ဒီလို ကော်ပိုရိတ်ကြီးတွေရဲ့ data governance system ကို ဦးဆောင် implement လုပ်ပေးချင်တဲ့ role မှန်း သဘောပေါက်လာတယ်။ အဲဒီအတွက် အောက်သက်ကျေဖို့ ကြိုးစားရမှာပဲ။ Introvert အရမ်းဖြစ်လို့ မရသလို မလိုအပ်ပဲနဲ့ စကားတွေ လျှောက်ပြောနေတာမျိုး မဖြစ်ချင်ဘူး။