ညဘက် အိပ်မပျော်တာမျိုး ပြန်ဖြစ်နေတယ်။ အထူးသဖြင့် အနာဂါတ်အကြောင်း စဥ်းစားရင်ပေါ့ ။ အခု အချိန်အထိ ကိုယ့်ကိုယ်ကို ပညာရှင် တစ်ယောက်လို့ မခံစားရဘူး ။ အသက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် အသုံးမချနိုင်သေးဘူး ။ ရှေ့လျှောက် ဘာဆက်လုပ်ရမလဲ။ ဒီနိုင်ငံ ရဲ့ အနာဂါတ်ကလဲ ပိတ်ပိတ်ပိန်းအောင် မှောင်နေသလို ကိုယ့်အနာဂါတ်လဲ အဲဒီအတိုင်း ဖြစ်နေသလို ခံစားရတယ်။ နိုင်ငံခြား ထွက် အလုပ်လုပ်ဖို့လဲ ကိုယ့်ဘာသာကိုယ် အယုံကြည်မရှိဘူး ။ ထွက်ခဲ့ရင်ရော ဘယ်လို position အလုပ်အကိုင် နဲ့ ထွက်ရမလဲ။ မယုံကြည်ခြင်းတွေနဲ့ပဲ ပြည့်နေတယ်။
လေ့လာမှုတွေတော့ ဆက်လုပ်နေတာပဲ။ ဒါပေမယ့် မဖြစ်မြောက်သလိုပဲ ဖြစ်နေတာ။ အိပ်သင့်နေပီ ။ မနက်ဖြန် မနက် စောစော ထရဦးမယ်။ တစ်ရက် တစ်ရက် ကုန်ဆုံးနေတဲ့ အချိန်တွေ မြန်လိုက်တာ ။ ကျောင်းသားဘဝတုန်းကလဲ အဲဒီလိုတွေးပြီး အချိန်ဖြုန်းခဲ့ပြီးပြီ ။ အခုရော ဘာဆက်လုပ်မလဲ?
You must be logged in to post a comment.