Midnight Thoughts

https://www.chronicle.com/article/Putting-an-End-to-When-Am-I/233901

အချိန်ရရင် အပေါ်က မူရင်း article ကိုလဲ ဖတ်စေချင်တယ်။ ၂၀၁၅ က ရေးထားပေမယ့် ဒီနေ့အထိ ကျနော်တို့ ကျောင်းသားလောက မှာ အသုံးများနေဆဲဖြစ်တဲ့ ‘စကားတခွန်း’ နဲ့ သက်ဆိုင်လို့ပါ။ ပြောနေကြအတိုင်း ဆို – “ဒီစာတွေက သင်ပီး ဘယ်မှာ သုံးရမှာလဲ?” “ဒီသင်ခန်းစာတွေကို လက်တွေ့ ဘယ်လိုအသုံးချရမှန်းမှ မသိတာ” စသဖြင့် ဆင်ခြေပေါင်းများစွာကို ကျနော် ကျောင်းသားဘဝတုန်းကတော့ အကြိမ်ပေါင်းများစွာ ပြောခဲ့မိဖူးပါတယ်။ တကယ်တမ်းတော့ အဲဒီမေးခွန်း (ဆင်ခြေ) က လုံးဝ မှားတဲ့အကြောင်းကို မူရင်းဆောင်းပါးထဲမှာ ရေးထားတာပါ။ သူ ရေးထားတဲ့ စာအရှည်ကြီးထဲက သဘောကျတဲ့ တပိုဒ် ကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်ထားပါတယ်။

—————————————— x —————————————–
> ဘာသာပြန် <
“When am I going to use this?” ဆိုတဲ့ မေးခွန်းကိုက အလိမ်အညာကြီးဗျ ။ မေးခွန်းမေးသူ က (သိလိုတဲ့) အကြောင်းအရာ X ရဲ့ အသုံးပြုပုံ၊တန်ဖိုးကို ကိုယ်တိုင်စိတ်ဝင်တစား စဥ်းစားမနေဘူး ။ မေးခွန်းထုတ်သူ က လက်မြှောက်အရှုံးပေးတဲ့ သဘောနဲ့ အော်ဟစ်နေတာ။ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့အပေါ် တာဝန်ယူခြင်းမရှိပဲနဲ့ မေးခွန်းမေးသူ ဘက်က အချိုးတမျိုး ပြောင်းပြတယ်။ ဒါ ငါ့အမှားမဟုတ်ဘူး ။ မင်း အမှား ဆိုတဲ့ သဘော။ ဒါက ငါ စိတ်မဝင်စားလို့ မဟုတ်ဘူး ၊ ဒါနဲ့ ပတ်သတ်ပီး ခက်ခက်ခဲခဲ မကျော်ဖြတ်နိုင်တာမဟုတ်ဘူး လို့ ဆိုချင်နေတာ။


> Original Paragraph <
And the question itself — “When am I going to use this?” — is nearly always a lie, a front. The asker is not genuinely contemplating the use-value of Material X; rather, he or she is merely announcing the intent to give up. Instead of saying this, however — instead of taking responsibility for lack of ability or interest in the material — the asker would like to suggest, It’s not me, it’s you. It’s not that I am uninterested or having a hard time with it.

——————————————- x ———————————————

ဒီစာပိုဒ်ကရော ၊ ဆောင်းပါးတခုလုံးကပါ ကျနော့်အတွက်တော့ အတွေးပေါင်းများစွာ ဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝ ၇ နှစ်တာကျော်ကို ကိုယ့်ကိုယ်ကို အလိမ်အညာတွေနဲ့ အချိန်ဖြုန်းခဲ့မိတာလား? ဒီဆောင်းပါး အဆုံးမှာ ပြောထားသလို ‘မသိဘူး ဆိုတာက အဆင်ပြေပါတယ် ၊ ဒါပေမယ့် မသိတာ ကို မသိကြောင်း မသိပဲ အပေါ်က မေးခွန်းသုံးပီး ဘာတွေ သင်နေရမှန်းမှ မသိတာဆိုတဲ့ ဆင်ခြေနဲ့ အချိန်တွေ မကုန်မိစေဖို့ ဒီစာကို ရေးမိတာပါ။

Writing at July 22 (12:00AM)

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက

Read More »
Love
admin

ချစ်ခြင်းတရားနဲ့ ပထမဆုံး လူချင်းဆုံတဲ့နေ့

တော်လှန်ရေးအကြောင်း မပါမယ့် တော်လှန်ရေးပန်းခြံရှေ့အနားက အချစ်အကြောင်းပါပဲ။ ဒီနေ့ ပထမဆုံး သူ(မ) နဲ့ အပြင်မှာ လူချင်းတွေ့ရတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် (၃ နှစ်နီးပါးလားမသိ) မှာ ပထမဆုံး တွေ့ရတာပဲ။ ၂၀၂၃ ကတော့ ကြည်နူးစရာတခုနဲ့ပဲ စဖွင့်ခဲ့ရသလို တညလုံး မအိပ်ထားပဲနဲ့လဲ တနေကုန် ဟိုသွားဒီသွားနဲ့ နေနိုင်ခဲ့တာ အံ့သြစရာပဲ။ သူ(မ) ကို စတွေ့လိုက်တဲ့အချိန်မှာ အရုပ်ကလေးတခုလိုပဲ ခံစားမိတယ်။ ရက်ပေါင်းများစွာ ဖန်သားပြင်ကနေတဆင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း(ဇန်နဝါရီ ၁၀၊၂၀၂၃)

မနေ့က (စျေးကြီးပေး တက်ရတဲ့) online course တစ်ခု စတက်ဖြစ်တယ်။ ခရီးသွားမယ့် အချိန်နဲ့ conflict ဖြစ်လို့ email ပို့ပြီး အရေးဆိုလိုက်ရသေးရဲ့။ ပျက်စီးသွားတဲ့ ပညာရေးစနစ်နေရာမှာ နေရာဝင်ယူတဲ့ ပုံပါပဲ။ 2023 resolution ကို note ထဲမှာတော့ အကြမ်းဖျဥ်း ရေးဖြစ်တယ်။ အနည်းဆုံးတော့ အရင်နှစ်ကထက် Programming မှာ confident ရှိတဲ့သူ ဖြစ်ချင်တယ်။ နှစ်စမှာကတည်းက အလုပ်တွေတော်တော်များတယ်။ Time

Read More »