ဒီ ဘလော့ပေါ်မှာ စာမရေးဖြစ်တာ ကြာပါပီ ။ ဒီအတိုင်း Depression နဲ့ဆိုင်တဲ့ အကြောင်းတွေ လျှောက်ဖတ်ကြည့်ရင်း ‘tell about it’ ဆိုတဲ့ အကြံပေးချက်ကို တွေ့လို့ ဒီအတိုင်း ဘလော့ လျှောက်ရေးတာ။ ဆရာကိုတာ ရဲ့ ဇင် စာအုပ်ထဲကလိုဆို Zen Diary လို့ ပြောရမလားပဲ ။ မစဥ်းစားပဲ ဦးနှောက်ထဲကို ဝင်လာသမျှ စာကြောင်းတွေကို ကောက်ခြစ်ရေးတာမျိုး ။ (စာရေးဆရာတယောက် ၏ မှတ်စုများ – စာအုပ်ထဲက ဖြစ်မယ်။

ပြီးခဲ့တဲ့ သြဂုတ်(၅) မှာပဲ အသက် ၂၅ နှစ် ပြည့်တယ်။ အဲလိုတွေးလိုက်ရင် ပိုစိုးရိမ်စိတ်များတယ်။ ဒီလထဲမှာလဲပဲ အခုငှားနေတဲ့ အိမ်မှာ ကိုယ်တစ်ယောက် ထဲ ဖြစ်သွားခဲ့တာ ။ ဖေကြီး က မန္တလေးကို ပြန်ပြောင်းသွားခဲ့တာဆိုတော့ ။ အရင်တုန်းက သားအဖ နှစ်ယောက်ဆိုတော့ စကားမပြောဖြစ်ရင်တောင် အိမ်ပြန်လာတိုင်း နွေးထွေးတယ်။ အဖေ ရှိတယ် ဆိုတဲ့ အသိ က ဘာပဲ ပြောပြော အထီးကျန်မဆန်ဘူးလေ ။ ဒီလမှာ တော်တော်ယောင်သွားသလို ခနခနလဲ စိတ်ဓါတ်ကျမိတယ်။ အသက် ထိပ်စီး/နောက်စီး ဂဏန်းတွေ ပြောင်းတာကလဲ ညသန်းခေါင် ခပ်နက်နက်မှာ ရှေးဟောင်းနာရီကြီးထဲက လက်တံ လည်သလိုပဲလေ။

ရပ်တန့်မသွားတော့မှန်း သိတယ်။ ဘယ်လို တိုးတက်အောင် ပြုလုပ်ရမလဲ ဆိုတာ မသိတာ ။ တနေ့တနေ့ ငါ အလုပ်လုပ်နေသလား – ငါ ဘာတွေ သင်ယူနေသလဲဆိုတာ အမြဲမေးနေမိတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေက အကောင်းဘက်ကို ဦးမဆောင်တာ ဆိုးပါတယ်။

ဟိုတရက်က နားထောင်ဖြစ်လိုက်တဲ့ Podcast တစ်ခု အကြောင်းလဲ ရေးချင်တယ်။ Apple Cofounder – Woz လား? နာမည်အပြည့်အစုံ မသိဘူး ။ Steve Jobs ကိုပဲ လူသိများတော့လေ။ အသံလွှင့်အစီအစဥ်မှာ သူ ပြောပြသွားတဲ့ အကြောင်းအရာတစ်ခု ကို သဘောကျလို့ပါ ။ Flashdrive ကို သူ စပီး တီထွင်ခဲ့တုန်းက တဲ့ ။ (Flashdrive ရဲ့ မူရင်းတီထွင်သူက Woz ဟုတ်/မဟုတ် မသေချာ ။ ဒါပေမယ့် သေချာတာက သူက အဲဒီ Flashdrive ကို Apple ပုံစံ ပိုကောင်းအောင် လုပ်ခဲ့တုန်းက ဆိုတဲ့ သဘောမျိုးဗျာ)

Flash drive ဆိုတာက ဒီဂျစ်တယ်ခေတ်အပြောင်းအလဲ သင်္ကေတလို့တောင် ပြောလို့ ရမယ်ထင်တယ်။ အဲဒီ Flash drive ကို Woz ဘာကြောင့်လုပ်ဖြစ်ခဲ့သလဲ ဆိုတော့ – အဲဒီခေတ်အချိန်တုန်းက နာမည်ကြီးမြို့တမြို့ (Las Vegas လို့ပဲ ထားပါစို့) မှာ Tech Show တစ်ခု လုပ်တယ် တဲ့ ။ အဲဒီ အချိန်က Apple က startup အဆင့်ပဲ ရှိတော့ လူ ၃ ယောက် ကိုပဲ အဲဒီ Tech Show ကို လွှတ်နိုင်မယ်။ Woz ကလဲ အဲဒီ မြို့ကို အရမ်းသွားချင်တာ။ ဒါပေမယ့် အလုပ်သဘောအရကကျ Steve Jobs သွားမယ် ၊ Marketing သမားတွေ သွားမယ် – စသဖြင့် ၃ ယောက် နေရာပြည့်နေပီ။ Woz အတွက် လိုက်ဖို့ အခွင့်အရေးမရှိဘူး။

အဲဒီမှာ Woz က ထပီး ပြောတယ်။ “ဟေ့လူတွေ – အကယ်၍ ကျနော် Apple – Flash drive သာ ထွင်နိုင်ခဲ့ရင် အဲဒီပြပွဲကို ကျနော့်ကို ခေါ်သွားနိုင်မလားပေါ့ ” – ဒီအတိုင်းသာ ပြောလိုက်တာ Woz ခေါင်းထဲမှာ flash drive နဲ့ ပတ်သတ်ပီး ဘာ knowledge (အတွေ့အကြုံ) မှ အရင်တုန်းက ရှိမနေခဲ့ဘူး ။ ဒါပေမယ့် Woz က အဲဒီ မသိခြင်းတွေအကြောင်း တွေးမနေဘူး ။ အိမ်ပြန်ရောက်တယ်။ အချိန် ၂ ပတ် နီးပါး ရတယ်။ ရှိပီးသား (သူများထွင်ထားတဲ့) Flash drive တွေကို တစစီ ဖြုတ် ၊ အဲဒီအထဲက ပစ္စည်းတွေအကြောင်း တစ်ခုချင်းလေ့လာ ။ Reverse Engineering လုပ်ရင်း အဲဒီရက်သတ္တပတ်တွေအတွင်း အိမ်ထဲက အိမ်ပြင် မထွက်ပဲ ကုန်းရုန်းပီး အလုပ်လုပ်ခဲ့သတဲ့ ။ အဲဒီနောက် သူလဲ Las Vegas လိုက်သွားရတာပဲ ။

ဖြစ်ရပ်မှန် ဟုတ်/မဟုတ် ခနထားပါ။(သူကိုယ်တိုင် ထုတ်ပြောတာဆိုတော့ ကျနော်ကတော့ ကိုယ်ရေးကိုယ်တာအရ ဖြစ်ရပ်မှန်လို့ ယုံတယ်ပဲထား) ဘာမှမသိခြင်းတွေ ထဲကနေ တစိုက်မတ်မတ် ဖောက်ထွက်ဖို့ ကြိုးစားနိုင်ခဲ့တာကို သဘောကျလို့ ။ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ အဲဒီ ယုံကြည်ချက်မျိုး ရှိနေဖို့ လိုမယ်လေ ။

ဘဝက ဘယ်အချိန် ဘာပေးလာမလဲ မသိဘူး ။ ဘာမှ မပေးလာတော့တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘယ်လိုအချိန်ဖြစ်ဖြစ် ကျနော်လဲ Woz လို ဖောက်ထွက်ရဲတဲ့ သတ္တိ ရှိခဲ့ရင် အကောင်းသားဗျာ ။

Categories: Monograph