in Fuck the Coup!

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၄ ရက်)

မနက် ၁၂ နာရီ ၁၅ မိနစ်။ မိုးတွေ ရုတ်တရက် ထရွာ ။ ငြိမ်းချမ်းခြင်း နိမိတ်လားလို့ ခံစားလိုက်ရလို့ ဒီစာ ရေးဖြစ်တာ။ အကြမ်းဖက် အုပ်စုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေခဲ့ပီ။ အင်တာနက်တွေက ညပိုင်းတွေ ပိတ်တဲ့အပြင် ပီးခဲ့တဲ့ ရက်ကမှ Wifi Broadband Device တွေကိုပါ တနိုင်ငံလုံး ပိတ်လိုက်ကြတယ်။ လူငယ်တွေကတော့ sms တွေနဲ့ နေ့စဥ်သတင်းပို့ဖို့ ကြိုးစားနေကြတယ်။ နယ်ဘက်မှာတော့ ရေဒီယိုတွေ ပြန်အသုံးတည့်လာမယ် ထင်တယ်။ ဒါပေမယ့်လဲ တဖက်သတ်စီးဆင်းရတဲ့ သတင်းထက် အပြန်အလှန် အဆက်အသွယ်ရှိတာမျိုးက ပိုအဆင်ပြေမှာ။

ဒီရက်ပိုင်း စစ်တပ်ပိုင် မီဒီယာတွေပေါ်မှာ မတရား တရားစွဲဆိုခံရတဲ့သူတွေကို ရုပ်ပုံတွေနဲ့ ဆက်တိုက် ကြေညာလာတယ်။ ရန်ကုန်မြို့ထဲမှာတော့ မြေပြင်လှုပ်ရှားမှု သိသိသာသာ နည်းသွားပီ ။ ဒေါ်လာစျေးကလဲ ၁၅၀၀ ကျော် အထိ ဆက်တိုက် ထိုးတက်နေပီကို ။ ဘဏ်တွေကလဲ တိုကင်နဲ့သာ ငွေထုတ်ပေးနေတဲ့အပြင် ATM မှာပါ ငွေ မရှိတော့ဘူး။

မိုးတိတ်သွားပီ ။ တဖက်လမ်းမှာတင် ညဦးပိုင်းက ခွေးတွေ ဝင်ဆွဲသွားသေးတယ်လို့ ကြားလိုက်ရတယ်။ ဘာကြောင့်များ ဒီလောက်တောင် ပြည်သူတွေအပေါ် ဒုက္ခပေးချင်နေကြတာလဲ။