ကြည့်ဖူးတဲ့ လူရိုင်းဇာတ်ကားတစ်ကား မှာ ပါတဲ့ စကားပြောခန်းတစ်ခု လို

ကြောက်စိတ်ဆိုတာ ရောဂါ လိုပဲ ။ ကူးစက်လွယ်တယ်။ ဒီတော့ ငါ့သား . ကြောက်စိတ် ရောဂါဆိုးကို ငါတို့ရွာထဲ သယ်မလာခဲ့ပါနဲ့။

အကယ်၍ ဒီတိုက်ပွဲသာ မပြောကောင်းမဆိုကောင်း ရှုံးသွားခဲ့ရင် ဒါက ကြောက်စိတ် အရင်းခံကြောင့်ပဲ ဖြစ်လိမ့်မယ်။ လူပီပီ ကိုယ့်အသက်သေမှာ ကြောက်တယ်။ ကိုယ့်ဥစ္စာပစ္စည်းတွေ ဖျက်ဆီးခံရမှာ ကြောက်တယ်။ ပိုင်ဆိုင်မှုများလေလေ – အကြောက်တရား ပိုကြီးလေလေ ဖြစ်လာတယ်။ ဒါကြောင့် ရန်ကုန်လို မြို့ကြီးမှာ လမ်းတွေ ပိတ်ထားတဲ့ အဟန့်အတားတွေကို စစ်ခွေးတွေ တချက် ငေါက်ရုံနဲ့ အကုန် ဖြိုဖျက်ပေးလိုက်ရတာမျိုးတွေ ဖြစ်နေတာ။ လမ်းတွေ ရှင်းလင်း ၊ တိတ်ဆိတ်ကုန်တာကို မြင်ရတာက ဖေဖော်ဝါရီ(၁) ရက်နေ့ကနေ အခုချိန်ထိ အတော်အတွင်းမှာ ပထမဆုံးအကြိမ် ငါတို့ ရှုံးတော့မှာလား ဆိုတဲ့ အတွေးမျိုး ဖြစ်စေတာပဲ။ နယ်မြို့တွေဆီက အားကောင်းတဲ့ တော်လှန်ရေးအလံ ၊ တော်လှန်ရေးအသံတွေ – ရန်ကုန်မြို့ဆီ ပြန်လည် ကူးစက်လာပါစေလို့ ဆုတောင်းမိတယ်။

အသက်ဆုံးရှုံးသွားတဲ့ သူရဲကောင်းတွေလဲ အယောက် ၂၀၀ ကျော်သွားခဲ့ပီ။ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကိုလဲ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းတယ်။ အလျော်အစား ကြီးလာတဲ့ ဒီတိုက်ပွဲမှာ ငါတို့ နိုင်ကို နိုင်ရမယ်။

အခုည ပဲ မန္တလေးမှာ ဆက်တိုက် ပစ်နေတယ် တဲ့ ။

Categories: Fuck the Coup!